Saturday, May 16, 2020

The Present Perfect Tense



❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ဒီနေ့မှာတော့ နောက်ထပ် သင်ခန်းစာအသစ်လေးဖြစ်တဲ့  The Present Perfect Tense အကြောင်းလေးပြောပြပေးသွားမှာပါ။ဘာသာအလွယ်ပြန်ရရင်တော့  "လုပ်ပြီးပြီး၊ သွားပြီးပြီ၊ စားပြီးပြီး" စသဖြင့်‌ ပြောလို့ရပါတယ်။ Has/Have +V3 ဖြစ်ပြီး ၊အနဲ subject အတွတ် Has သုံးပြီး၊ အများ subject အတွတ် Have ကိုသုံးရသည်။

➡️အချိန်ပြကြိယာဝိသေသနတွေဖြစ်တဲ့ -
           Just.       = ခုလေးတင်
           Already. = နှင့်ပြီး၊ပြီးပြီ
           Yet.         = (မ) သေးဘူး စသည့်တို့ဖြင့် တွဲသုံးလေ့ရှိသည်။
       

➡️ I have just closed my book (ခုလေးတင်ပဲ ကျနော့စာအုပ် ပိတ်ထားပြီးပြီ)
➡️ He has already done his work (သူ အလုပ်ကို လုပ်နှင့်ပြီးပြီ)
➡️ She has not gone to school yet (သူမ ကျောင်း မသွားပြီးသေးဘူး)
➡️ Have you brought a car? (သင်ကားတစ်စီး ဝယ်ပြီးပြီလား)
➡️ Has she finished her homework yet? (သူမ အိမ်စာ မပြီးသေးဘူးလား)
      ( နောက်ဆုံး စာကြောင်းမှာ not မပါပေမယ့် မေးခွန်း‌ေမးတဲ့အခါ yet ‌ေြကာင့် မလုပ်ရသေးဘူးလားဟု ဘာသာပြန်ပါသည် )

➡️ V1 တွေကို V2,V3 ‌ေြပာင်းတဲ့နေရာတွေမှာ အများစုကို ed သာပေါင်းတာမို့ ပုံမှန်မဟုတ်တဲ့ V2,V3 ‌ေြပာင်းပုံလေးတွေ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

➡️  "e" နဲ့ဆုံးရင် "d" ပေါင်းပေးပါ။
               V1.                               V2.                               V3
            Love.                            Loved.                        Loved
            Live.                              Lived.                          Lived
            Hate.                             Hated.                        Hated

➡️  "c" နဲ့ဆုံးရင် "ked" ပေါင်းပေးပါ။
              V1.                                  V2.                               V3
            Picnic.                          Picnicked.                 Picnicked
            Frolic.                           Frolicked.                   Frolicked
            Traffic.                        Trafficked.                  Trafficked     

➡️ "Y" နဲ့ဆုံးပြီး y ရှေ့တွင် (a,e,io,u )သရ တစ်လုံးမှ မရှိလျှင် yဖြုတ် ied ပေါင်းပါ။
              V1.                                  V2.                               V3
             Fry.                                  Fried.                            Fried
            Cry.                                  Cried.                            Cried
            Carry.                               Carried.                        Carried

➡️ "l"နဲ့ အဆုံးသက်ထားလျှင်  l နစ်ခါပေါင်းပြီး ed ပေါင်းပေးပါ။
             V1.                                   V2.                                 V3
          Travel.                              Travelled.                     Travelled
          Control.                            Controlled.                   Controlled

❤️❤️အားလုံးပဲEnglishစာဗဟုသုတ တွေရရှိကြပါစေ🙏🙏။

Sunday, May 10, 2020

The Present Continuous Tense(Step 3)

❤️❤️အားလုံးပဲမင်္ဂလာပါ🙏🙏။ ဒီနေ့မှာတော့ present continuous tense ရဲ့မှက်သားဖွယ်ရာလေးတွေကိုထပ်‌ေပြာပြပြီး‌ေတာ့ ဒီ tense ကို အဆုံးသက်ပါမယ်။

➡️Present continuous tense questions လေးတွေကို Wh questions ထဲမှ တစ်ခုဖြစ်တဲ့ " When " ြဖင့်ရေးလို့မရတဲ့ အခါရှိပါတယ်။

➡️ဆိုလိုတာကတော့ present continuous tense အသုံးထဲမှာ ယခု လုပ်ကိုင်နေသည်၊သွားနေသည်၊လာနေသည် စသည့်အခိုက်အတန့် "နေသည်" ဟူသော ကာလကို သုံးသော အသုံးတွင် "when" ြဖင့်မေးလို့မရသောကြောင့်ဖြစ်သည်။ယခုြပုလုပ်နေတာ၊ ဆက်လက်ဖြစ်ပျက်နေတာ ဖြစ်သည့်အတွတ် ဘယ်အချိန်မှာလုပ်နေသလဲလို့ မေးလို့မရပါ။

➡️Examples.
                        What are you doing?(သင်ဘာလုပ်နေတာလဲ. )
                        Where is he sleeping?(သူဘယ်နေရာမှာအိပ်နေတာလဲ. )
                        Why are they crying?(.သူတို့ဘာ့ကြောင့်ငိုနေတာလဲ ) စသဖြင့်မေးလို့ရပြီး-
                         When are you writing?(.ဘယ်အချိန်မှာ ရေးနေတာလဲ )
                         When is she reading a book?(ဘယ်အချိန်မှာ စာတစ်အုပ်ဖတ်နေတာလဲ. ) စသဖြင့်မေးလာလျှင်မှားပါတယ်။

➡️ဒါပေမယ့် present continuous tense ထဲမှာမှ အနာတ်အသုံးဖြစ်သော "လိမ့်မည်" ဟူသောအသုံးတွင်တော့ "When" ဖြင့်မေးနိုင်သည်။မရောက်သေးတဲ့အနာဂတ်အတွတ် ဘယ်အချိန်မှာ လုပ်မလဲ၊ ကိုင်မလဲ စသဖြင့်အမေးကိုတော့ဖြင့် when ကို အသုံးပြုနိုင်ပါတယ်။

➡️Examples.
                       When are you going to Mandalay?(.ဘယ်အချိန် မန်းလေးသွားလိမ့်မှာလဲ )
                        When are you coming to me?(ကျနော်ဆီဘယ်အချိန်လာလိမ့်မှာလဲ)

🔹🔹🔹အထက်ပါအချက်လေးတွေကို မှက်ထားပြီး present continuous tense အသုံးလေးတွေ မိမိဘာသာ စာကြောင်းလေးတွေ လေ့ကျင်ရေးကြည့်ပါ။တဖြည်းဖြည်းနှင့် အမှားနည်းပြီး ပြည့်စုံလာမှာပါ။

🔹🔹🔹အားလုံးပဲ English စာဗဟုတုသတွေရကြပါစေ။ English For All မှာသင်သမျှ ဗဟုတုသတွေကို English စာစိတ်ဝင်စားသူတွေ အကုန်သိဖို့အတွတ် like and share လေးလုပ်ပေးကြပါဦးနော်🙏🙏🙏။

The Present Continuous Tense(Step 2)

❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ဒီနေ့မှာတော့ present continuous tense ရဲ့ နောက်ထပ်အသုံးလေး အကြောင်းထပ်ပြောပြပေးသွားမှာပါ။

➡️နောက်ထပ် အသုံးလေးကတော့ am,is are + getting +adjective ("သော"နှင့်ဆုံးသည်)  နဲ့ am,is,are + getting +Noun ပဲ ဖြစ်ပါတယ်။ ၎င်းတို့ကို ဘာသာပြန်ရင် "တစ်ဖြည်းဖြည်းနှင့် ဖြစ်လာနေသည်" လို့ ဘာသာပြန်တယ်။

➡️I am getting beautiful( တဖြည်းဖြည်း လှလာတယ်)
➡️He is getting clever(တဖြည်းဖြည်း ဉာဏ်ကောင်း         လာတယ်)
➡️They are getting ugly(တစ်ဖြည်းဖြည်း ရုပ်ဆိုးလာတယ်)

✅( beautiful-လှပသော ၊ clever-ဉာဏ်ကောင်းသော ၊ ugly-ရုပ်ဆိုးသော စသည်တို့သည် adjective "သော"နှင့်ဆုံးသည်)

➡️I am getting better (တစ်ဖြည်းဖြည်း ပိုနေလို့‌ ကောင်းလာတယ်)
➡️The weather is getting hotter(ရာသီဥတုကတစ်ဖြည်းဖြည်းပိုပူလာတယ်)

✅ဒီနေရာမှာ ပိုပူလာ၊ ‌ပိုနေလို့ကောင်း လို့ရေးထားသည့်အတွတ် adjective ကို D1ကို မသုံးတော့ပဲ D2ကိုပဲသုံးရမှာဖြစ်ပါတယ်။
Examples-  D1.                           D2
                   good(ကောင်းသော).   better(ပို၍ကောင်း)
                   hot(ပူသော).               hotter(ပို၍ပူသော)

➡️I am getting a cold(ငါအအေးမိနေပြီ)
➡️He is getting a book(သူစာအုပ်လေးတစ်အုပ် ပိုင်ဆိုင်နေပြီ)

(a book,a cold တို့ကို noun အနေဖြင့်သုံးထားတာဖြစ်ပါတယ်)

✅အရှေ့မှာလည်း adjective နဲ့ ပက်သက်တဲ့အသုံးလေးတွေပြောပြထားသေးတာမို့  adjective စကားလုံးလေးတွေ အလွတ်မှတ်ပြီး မိမိဘာသာ လေ့ကျင့်ထားဖို့ အကြံပေးချင်ပါတယ်။အားလုံးပဲ English စာ ဗဟုသုတတွေအများကြီးရကြပါစေ။Pageလေးကိုlike and shareလုပ်ပေးဖို့လဲမမေ့ကြပါနဲ့နော်🙏🙏။

The Present Continuous Tense(Step 1)

❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ဒီနေ့မှာတော့ the Present Continuous tense  အကြောင်းလေးဆက်ရှင်း ပေးသွားမှာပါ။ am,is,are +Ving  ကို နောက်ထပ် အသုံးပြုပုံလေးတွေလည်းရှိသေးတာမို့ တင်ပြပေးလိုက်ပါတယ်။

   ➡️Am,is,are+Ving ကို အနာဂတ် အသုံးလေးအနေနှင့်လည်း သုံးသေးပါတယ်။ထိုသို့အသုံးပြုလိုက်သည့်အခါတွင် ၎င်းသည် "နေသည်" ဟု ဘာသာပြန်လို့မရတော့ပဲ အနာဂတ်အသုံးစကားဖြစ်သည့် "လိမ့်မည်" ဟု ဘာသာပြန်သေးတာကိုလည်း မှတ်ထားပေးပါ။

➡️I am playing football tomorrow
(ကျနော် မနတ်ဖြန် ဘောလုံးကစားလိမ့်မည်။ ဆိုလိုတာက ဆုံးဖြတ်ထားပြီးပြီ။သေချာတယ်။အဲ့အတွတ် ပြင်ဆင်ထားပြီးပြီ လို့ အဓိပယ်ရတယ်)

➡️ဒီနေရာမှာ တခြား အနာဂတ်များ(future tenses)လေးတွေ အကြောင်းလည်း ပြောပြပါအုံးမယ်။am,is,are+Ving အစား will ,shall  နဲ့ am,is,are +going to+V1 သုံးမယ်ဆိုလည်းရပါတယ်။၎င်းတို့ကိုလည်း "လိမ့်မည်"ဟု ဘာသာပြန်ပါသည်။ဒါပေမယ် လေးနက်မူ နည်းနည်း လွဲသွားမှာပါ။

➡️I am going to play football tomorrow.
(ကျနော် မနတ်ဖြန် ဘောလုံးကစားလိမ့်မည်။ဆိုလိုတာက ဆုံးတော့ဖြတ်ပြီးပြီး။ဘာမှပြင်ဆင်မူတော့မရှိသေးဘူး)

➡️I will play football tomorrow.
(ကျနော် မနတ်ဖြန် ဘောလုံးကစားလိမ့်မည်။ဆိုလိုတာက ခုမှဆုံးဖြတ်လိုက်တာ၊မသေချာဘူး)

➡️အတိုချူပ်ရရင် အနာဂတ်အတွတ် ကိုယ်ရေးချင်တဲ့ စာကြောင်းက
-ဆုံးဖြတ်ထားပြီးပြီ၊သေချာတယ်၊ပြင်ဆင်ထားပြီးပြီ ဆိုရင် (am,is,are+Ving) သုံးပေးပါ။
-ဆုံးတော့ဖြတ်ထားပြီးပြီ၊ဘာမှမပြင်ဆင်ရသေးဘူး ဆိုရင်(am,is,are+going to+V1) သုံးပေးပါ။
-ခုမှဆုံးဖြတ်လိုက်တယ်။ဘာမှပြင်ဆင်မူမရှိသေးဆိုရင်(will/shall)သာသုံးပေးပါ။

➡️မှက်ချက်-

Am,is,are+Ving အသုံးသည် လှုပ်ရှားသည့် verbများဖြစ်သည့်အတွတ် အချိူ့ လှုပ်ရှားမူမရှိတဲ့ verbsတွေကို vingပေါင်းမရသောကြောင့် V1ဖြင့်သာ သုံးရသည်။(love,hate,like,hear,know,see,believe)

➡️Example-
    I love you
    I believe you
(I am loving you and I am believing you ဟုရေးရင်မှားပါသည်)

🔹🔹နောက်နေ့မှာလည်း am,is,are+Ving အသုံးလေးတွေ ထပ်ရှင်းပြပေးအုံးမှာပါ။အားလုံးပဲ English စာဗဟုသုတတွေရကြပါစေ။🙏🙏

The Present Continuous Tense

❤️❤️အားလုံးပဲမင်္ဂလာပါ🙏🙏။ ဒီနေ့မှာတော့ The Present Continuous tense အကြောင်းလေး ပြောပြပေးသွားမှာပါ။ ဒီ tense ကိုတော့ ယခု/လောလောဆယ် ပြုလုပ်နေတဲ့ လုပ်ရပ်များအတွတ် အသုံးပြုပါတယ်။မြန်မာလို ဘာသာပြန်‌ရင်တော့ "နေသည်"လို့ပြန်တယ်။ဥပမာ "သွားနေသည်၊စားနေသည်၊လုပ်နေသည်"လို့ ဘာသာပြန်တယ်။အသုံးလေးကတော့ (am,is,are + Ving)ဖြစ်တယ်။ Look, Listen,Now,Just,Still,At the moment စတဲ့စကားလုံးများနှင့်လည့်တွဲသုံးလေ့ရှိသည်။

(1) Simple form(ရိုးရိုးပုံစံများ)

 ➡️I am walking (ကျွန်တော် လမ်းလျောက်နေသည်)
 ➡️She is walking(သူမ လမ်းလျောက်နေသည်)
 ➡️They are walking(သူတို့ လမ်းလျောက်နေသည် )

(2) Negative form(အငြင်းပုံစံများ)

  ➡️I am not walking
  ➡️She is not walking
  ➡️They are not walking

(3) Question form (အမေးပုံစံများ )
   
  ➡️Am I walking?
  ➡️Is he walking?
  ➡️Are they walking?

WH question form (WH အမေးပုံစံများ)

(1). Who is walking?
(2). Where is he walking?
(3). Why is he walking?

✅Verb ကို ing ပေါင်းပြီး present continuous tense ပြောင်းတဲ့နေရာမှာ သတိထားရမယ် အချက်လေးတွေကတော့--

 ✅Verb အများစုကို  ing သာပေါင်းထည့်ပေးသည်။eg. walking(walk),talking(talk),staying(stay),crying(cry).


 ✅"e"နဲ့ဆုံးတဲ့ Verb တွေကို "e"ဖြုတ် ing ပေါင်း eg.shaving(shave),writing(write).

 ✅Verb နောက်ဆုံးလုံးရဲ့ရှေ့ကပ်ရပ်မှာ (a,e,i,o,u) တစ်လုံးလုံး ဖြစ်‌ခဲ့ရင် verbနောက်ဆုံးလုံးကို အလားတူ စကားလုံးထပ်ပေါင်းပေးပြီး ing ထည့်ပါ။eg.cutting(cut),swimming(swim),running(run).

✅ Verb နောက်ဆုံးလုံးရဲ့ ရှေ့ကပ်ရပ်မှာ (a,e,i,o,u)နစ်လုံးဆက်တိုက်ရှိနေခဲ့ရင် ဘာမှပြောင်းစရာမလိုပဲ ingသာထည့်ပေါင်းပါ။eg.speaking(speak),meeting(meet).

🔹🔹Subject အနဲအများညှိပြီး verbs +ing ‌ပြောင်းတတ်မယ်ဆိုရင် The present continuous tense စာကြောင်းတော်တော်များများကို ရေးတတ်မှာဖြစ်ပါတယ်။အားလုံးပဲ English စာ ဗဟုတုသတွေ အများကြီးရကြပါစေ။🙏🙏

Adverb Of Frequency

❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ဒီနေ့မှာတော့ Adverbs of frequency(အကြိမ်ပြကြိယာဝိသေသနများ) အ‌ကြောင်း‌ လေးပြောပြပေးသွားမှာပါ။အောက်မှာပေးထားတဲ့ စကားလုံးအချိူ့ကို တွေ့ရင်လည်း The Present Simple Tense လို့လဲ အလွယ်မှတ်ထားလို့ရပါတယ်။

➡️always,usually,often,sometimes,never,regularly,every,daily.

➡️Examples,

(1). I always get up at 6:30 in the morning.

(2). It never snows in Myanmar.

(3). It sometimes snows in US.

(4). She often goes dancing.

(5). He usually watches television.

✅အထူးသတိထားရမှာအရာက အဆိုပါ အကြိမ်ပြကြိယာဝိသေသနတွေဟာ V1 s/es မှာဆိုရင် Verb ရဲ့ရှေ့မှာနေပြီး၊ Verb to Be ပါတဲ့ စာကြောင်းတွေမှာဆိုရင် Verb to Be ရဲ့ အနောက်မှာသာ ထားရပါတယ်။Example- He is usually late.

✅ဒီနေ့မှာတော့ Adverbs of frequency အသုံးလေးကို ‌ပြောပြပြီး The Present Simple tense အသုံးလေးကို အဆုံးသက်ပါမယ်။အားလုံးပဲ English language ဗဟုတုသတွေ အများကြီး ရနိုင်ကြပါစေ။🙏🙏

Verb To Be အသုံးပြုပုံ

❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ ဒီနေ့မှာလည်း The Present Simple Tense မှာသုံးတဲ့ Verb to Be (am,is ,are)အသုံးပြုပုံလေးတွေကိုလည်း ဆက်လက် တင်ပြပေးသွားမှာဖြစ်ပါတယ်။
 
      ✅ Verb to Be (am,is,are) အသုံးပြုပုံလေးတွေကိုလည်း ရှေ့မှာ သင်ပြထားတဲ့ The Present Simple Tense ရဲ့ V1 s/es အသုံးလေးတိုင်းသင်ပြထားပါတယ်။

       Verb to Be (am,is are) အသုံးပြုပုံ

(1). simple forms(ရိုးရိုးပုံစံများ)

     ➡️ I  am Myanmar
     ➡️We are in the bank
     ➡️They are doctors

✅( Subject အများဖြစ်သည့်အတွတ် are ကိုသာခေါ်ပြီး  " I" ကတော့ am နှင့်သာတွဲသုံးသည်)

     ➡️He is ten years old
     ➡️She is single

✅(subject အနဲဖြစ်သည့်အတွတ် is သာတွဲသုံးသည်)

(2). Negative forms(အငြင်းပုံစံများ)

       ➡️I am not Myanmar
       ➡️We are not in the bank
       ➡️They are not doctors

✅(အငြင်းအတွတ် not ထည့်ရာတွင် am is are နောက်သာ ထည့်ရသည်။do,does အကူခေါ်စရာမလိုပါ)

        ➡️He is not ten years old
        ➡️She is not single

✅(အငြင်းအတွတ် not ထည့်ရာတွင် am, is, are နောက်သာ ထည့်ရသည်။do,does အကူခေါ်စရာမလိုပါ)

(3). Question forms(မေးခွန်းပုံစံများ)

         ➡️Am I Myanmar?
         ➡️Are we in the bank?
         ➡️Are they doctors?

✅(မေးခွန်းပြောင်းရာတွင်  am,is,are  တို့ကို ရှေ့ပို့ရမည်။

          ➡️Is he ten year old?
          ➡️Is she single?

✅(မေးခွန်းပြောင်းရာတွင် am,is,are တို့ကိုရှေ့ပို့ရမည်။

  ✅နောက်ဆုံးအနေနှင့်‌ ပြောပြမယ့် အသုံးလေးကတော့ am,is,are +adjective အသုံးလေးပါ။ adjective("သော"နှင့်ဆုံးသော စကားလုံးများ) စကားလုံးလေးတွေများစွာ သိထားမယ်ဆိုရင်ဖြင့် am,is,are+adjective sentences လေးတွေများစွာရေးနိုင်မှာဖြစ်လို့ အောက်မှာ တစ်ချိူ့ဖော်ပြပေးလိုက်ပါတယ်။

(1). Simple forms(ရိုးရိုးပုံစံများ)

       ➡️I am hungry(ဆာလောင်သော)
       ➡️We are tall  (အရပ်ရှည်သော)
       ➡️They are thirsty (ရေဆာသော)
       ➡️He is smart။     ( တင့်တယ်သော)
       ➡️She is beautiful(လှပသော)

(2). Negative forms(အငြင်းပုံစံများ)

       ➡️I am not hungry
       ➡️We are not tall
       ➡️They are not thirsty
       ➡️He is not smart
       ➡️She is not beautiful

 (3). Question forms(အမေးပုံးစံများ)

        ➡️Am I hungry?
        ➡️Are we tall?
        ➡️Are they thirsty?
        ➡️Is he smart?
        ➡️Is she beautiful?

  🔹🔹 အထက်ပါ Verb to Be(am,is,are) အသုံးလေးတွေကိုလည်းလေ့ကျင့်ထားမယ်ဆိုရင် sentences လေးတွေ ကိုယ်တိုင်ဖန်တီးလာနိုင်မှာ ဖြစ်လို့ လေ့ကျင့်ထားဖို့မမေ့ပါနဲ့နော်။

  🔹🔹  နောက်နေ့တွေမှာလည်း လွယ်ကူးပေါ့ပါးတဲ့ grammar လေးတွေ တင်ပေးဦးမှာမို့ like and share လုပ်ပေးဖို့မမေ့ပါနဲ့နော်🙏🙏။

Noun and Verb အနည်းကိန်း၊အများကိန်းပြောင်းနည်း

❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ ဒီနေ့မှာတော့ Verb နဲ့ Noun တို့ရဲ့ အနည်းကိန်း၊အများကိန်း ပြောင်းတာလေးတွေကို သင်ပြပေးမှာဖြစ်ပါတယ်။မ‌‌နေ့က ပြောပြထားတဲ့ The present simple tense မှာလဲ Verb နဲ့ Noun တို့ရဲ့ အနည်းအများ ပြုလုပ်ခဲ့တာလေးလဲ ပါလို့ သင်ပြခြင်းဖြစ်ပါတယ်။ Verb နဲ့ Noun တို့ရဲ့ အနဲကိန်း၊အများကိန်း ပြောင်းတာ လွယ်သယောင်နဲ့ မှားတတ်လို့ ပါ❤️။

Noun နဲ့ Verb တို့ အနည်းကိန်း ၊ အများကိန်း ပြောင်းခြင်း။

   ✅များသောအားဖြင့် Noun ကို အနဲကိန်းမှ အများကိန်းသို့ လည်းကောင်၊ Verb ကို အများကိန်းမှ အနည်းကိန်း သို့ပြောင်းရာတွင်လည်းကောင်း (s)ကိုသာထည့်ပေးရပြီး ထူးခြားတဲ့ စကားလုံးလေးတွေကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။

(1). s,ss,sh,ch,x,o နဲ့ဆုံးတဲ့ စကားလုံးတွေကို (es)ပေါင်း

  ➡️အနဲကိန်း.     ➡️အများကိန်း(for Noun)
       gas.                 gases
       class.              classes
       brunsh.           brushes
       match.            matches
       fox.                  foxes
       mango.           mangoes

 ➡️အများကိန်း.   ➡️အနဲကိန်း(for Verb)
      pass.                passes
      push.                pushes
      teach.               teaches
      mix.                  mixes
      do.                    does

 ✅မှက်ချက်- "o" နဲ့ ဆုံးပေးမယ် "s" သာပေါင်းတဲ့ စကားလုံးလေးတွေလည်းရှိတာမို့ မှတ်ထားပေးပါ။

 ➡️ အနဲကိန်း.     ➡️အများကိန်း
       piano.             pianos
       bamboo.        bamboos
       radio.              radios

(2). y နဲ့ဆုံးတဲ့အပြင်  ရှေ့ကပ်ရပ်မှာ (a,e,i,o,u)ဆိုတဲ့ စကားလုံးလေးတွေမပါဘူးဆိုရင် ( y ဖြုတ် ies) ပေါင်း။

 ➡️ အနဲကိန်း.      ➡️အများကိန်း(for Noun)
       baby.                babies
       lady.                 ladies
       fly.                    flies

➡️ အများကိန်း.     ➡️အနဲကိန်း(for Verb)
      try.                      tries
      cry.                     cries 

(3). y နဲ့ဆုံးပြီး ရှေ့မှာ (a,e,i,o,u)ဆိုတဲ့စကားလုံလေးတွေပါလာခဲ့ရင်တော့ (s) သာပေါင်း

   ➡️အနဲကိန်း.       ➡️အများကိန်း(for Noun)
        day.                  days
        way.                 ways
        boy.                  boys

  ➡️ အများကိန်း.  ➡️အနဲကိန်း(for Verb)
        play                  plays
        stay.                 stays

(4). f,fe နဲ့ဆုံးရင် တော့(f ဖြုတ် ves)ပေါင်း

         ➡️အနဲကိန်း.    ➡️အများကိန်း(for Noun)
         leaf.                 leaves
         wife.                wives
         life.                  lives

✅မှတ်ချက်- f,fe နဲ့ဆုံးပေမယ့် (s)သာပေါင်းတဲ့ စကားလုံးလေးတွေလည်းရှိသေးတာမို့ မှက်ထားပေးပါဦး။

       ➡️အနဲကိန်း.     ➡️အများကိန်း
       roof.                  roofs
       chief.                chiefs
       hoof.                 hoofs

(5). အနဲ့ကိန်း၊အများကိန်း လုံး၀မတူတဲ့စကားလုံးလေးတွေလည်း ရှိသလို၊ အနဲကိန်းအများကိန်း လုံး၀တူနေတဲ့စကားလုံးလေးတွေလည်းရှိလို့ ဒါလေးတွေတော့ အလွတ်မှတ်ထားရပါမယ်။

     ➡️အနဲကိန်း.      ➡️ အများကိန်း (for Noun)
         man.                 men
         woman.            women
         goose.              geese
         foot.                  feet
         tooth.                teeth
         mouse.             mice
         louse.               lice
         ox.                    oxen

        ➡️အနဲကိန်း.        ➡️ အများကိန်း(for Noun)
        fish                     fish
        deer.                   deer
        sheep.                sheep
        series.                series
        salmon.             salmon

🔹🔹အထက်ပါ အချက် ငါးချက်လောက်ကို သိထားယုံဖြင့် Noun နဲ့ Verb အနဲကိန်း၊အများကိန်း ‌ပြောင်းတဲ့နေရာ‌မှာ အမှားနည်းသွားမှာသေချာပါတယ်။

 🔹🔹နောက်နေ့တွေမှာလည်း လွယ်ကူပေါ့ပါးတဲ့ grammar လေးတွေ တင်ပေးဦးမှာမို့ like and share လေးလုပ်ပေးကြပါဦးနော်🙏🙏။

The Present Simple Tense

❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ ဒီနေ့မှာ English Grammar ရဲ့ အလွယ်ဆုံး tense လေးကနေ စသင်မှာ ဖြစ်ပါတယ်။

The present simple tense (ရိုးရိုး ပစ္စုပ္ပန် ကာလ)

     နေ့စဉ်နေ့တိုင်းဖြစ်စေ၊ အမြဲတမ်းဖြစ်စေ တိကျသေချာတဲ့ အချိန်ကာလတွေမှာဖြစ်စေ ဖြစ်ပျက်တဲ့ အ‌ ကြောင်းအရာတွေဖော်ပြရာမှာ သည်ကာလကို အသုံးပြုရပါတယ်။

(1). Simple forms(ရိုးရိုးပုံစံများ)

   ➡️  I eat.         
   ➡️We eat.
   ➡️They eat.

(Subject အများဖြစ်သည့်အတွတ် verb တွင် s/es
ဖြုတ်ပါသည်)

    ➡️He eats.
    ➡️ She eats.
   
(Subject အနဲဖြစ်သည့်အတွတ် verb တွင် s/es ထည့်ရပါသည်)

(2).Negative forms(အငြင်းပုံစံများ)
 
      ➡️I don't eat ( do not)
      ➡️We don't eat (do not)
      ➡️They don't eat (do not)

(Subject အများဖြစ်သည့်အတွတ် အကူကြိယာ do သာခေါ်ရပါသည်)

     ➡️  He doesn't eat  (does not)
     ➡️She doesn't eat (does not)
   
(Subject အနဲဖြစ်သည့်အတွတ် အကူကြိယာ does သာခေါ်ရပါသည်)

(3).Ouestion forms(မေးခွန်းပုံစံများ)

     ➡️Do I eat?
     ➡️ Do we eat?
     ➡️Do they eat?

(မေးခွန်းပုံစံ‌‌ ပြောင်းရာတွင် အကူကြိယာများကို ရှေ့ထုတ်ပေးရပါသည်)

    ➡️ Does he eat?
    ➡️ Does she eat?
   
(မေးခွန်းပုံစံ‌‌ ပြောင်းရာတွင် အကူကြိယာများကို ရှေ့ထုတ်ပေးရပါသည်)

(4).Wh question forms(Wh မေးခွန်းပုံစံများ)

     ➡️What do they eat?
     ➡️What does she eat?

(Wh မေးခွန်းပုံစံတွင် Wh questions များဖြစ်ကြသည့် what,who,why,where,when,how,how many,how much and how long စသည်တို့ကို ရှေ့ဆုံးမှာထား၍ သင့်တော်သည် Wh question ကိုသာရွေးပြီး မေးခွန်းထုတ်ရပါသည်)

🔹အထက်က ပုံစံ လေးခုကို ကျွမ်းကျင်ထားမယ်ဆိုရင် ကိုယ်ရေးချင်တဲ့ simple present tense sentences တိုင်းကို သင့်တော်ရာ subject +verb+object ရှာပြီးစတင်လေ့ကျင့်လို့ရပါပြီ။

🔹စတင်လေ့လာနေတဲ့ begineers တွေ အတွတ် အောက်မှာ simple forms တွေ ထပ်ပေးထားပါတယ်။ မိမိဘာသာ ထပ်၍လေ့ကျင့်နိုင်ပါတယ်။နားမလည်တာရှိရင် chat box မှတဆင့်မေးနိုင်ပါတယ်။အချိန်ရရင်ရသလိုဖြေကြားပေးသွားမှာဖြစ်ပါတယ်😁😁။

Examples-

-I clean my teeth.
-I sell bread
-I play football
-I like an apple
-I deliver milk

❤️လွယ်ကူတဲ့ English grammar နဲ့ speaking များကို နေ့စဉ် တင်ပေးမှာမို့ like and share လုပ်ပေးကြပါဦးနော်🙏🙏။

The Present Perfect Tense

❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ဒီနေ့မှာတော့ နောက်ထပ် သင်ခန်းစာအသစ်လေးဖြစ်တဲ့  The Present Perfect Tense အကြောင်းလေးပြောပြပေးသွားမှာပါ။ဘာသာအလွယ်...