Sunday, May 10, 2020

The Present Simple Tense

❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ ဒီနေ့မှာ English Grammar ရဲ့ အလွယ်ဆုံး tense လေးကနေ စသင်မှာ ဖြစ်ပါတယ်။

The present simple tense (ရိုးရိုး ပစ္စုပ္ပန် ကာလ)

     နေ့စဉ်နေ့တိုင်းဖြစ်စေ၊ အမြဲတမ်းဖြစ်စေ တိကျသေချာတဲ့ အချိန်ကာလတွေမှာဖြစ်စေ ဖြစ်ပျက်တဲ့ အ‌ ကြောင်းအရာတွေဖော်ပြရာမှာ သည်ကာလကို အသုံးပြုရပါတယ်။

(1). Simple forms(ရိုးရိုးပုံစံများ)

   ➡️  I eat.         
   ➡️We eat.
   ➡️They eat.

(Subject အများဖြစ်သည့်အတွတ် verb တွင် s/es
ဖြုတ်ပါသည်)

    ➡️He eats.
    ➡️ She eats.
   
(Subject အနဲဖြစ်သည့်အတွတ် verb တွင် s/es ထည့်ရပါသည်)

(2).Negative forms(အငြင်းပုံစံများ)
 
      ➡️I don't eat ( do not)
      ➡️We don't eat (do not)
      ➡️They don't eat (do not)

(Subject အများဖြစ်သည့်အတွတ် အကူကြိယာ do သာခေါ်ရပါသည်)

     ➡️  He doesn't eat  (does not)
     ➡️She doesn't eat (does not)
   
(Subject အနဲဖြစ်သည့်အတွတ် အကူကြိယာ does သာခေါ်ရပါသည်)

(3).Ouestion forms(မေးခွန်းပုံစံများ)

     ➡️Do I eat?
     ➡️ Do we eat?
     ➡️Do they eat?

(မေးခွန်းပုံစံ‌‌ ပြောင်းရာတွင် အကူကြိယာများကို ရှေ့ထုတ်ပေးရပါသည်)

    ➡️ Does he eat?
    ➡️ Does she eat?
   
(မေးခွန်းပုံစံ‌‌ ပြောင်းရာတွင် အကူကြိယာများကို ရှေ့ထုတ်ပေးရပါသည်)

(4).Wh question forms(Wh မေးခွန်းပုံစံများ)

     ➡️What do they eat?
     ➡️What does she eat?

(Wh မေးခွန်းပုံစံတွင် Wh questions များဖြစ်ကြသည့် what,who,why,where,when,how,how many,how much and how long စသည်တို့ကို ရှေ့ဆုံးမှာထား၍ သင့်တော်သည် Wh question ကိုသာရွေးပြီး မေးခွန်းထုတ်ရပါသည်)

🔹အထက်က ပုံစံ လေးခုကို ကျွမ်းကျင်ထားမယ်ဆိုရင် ကိုယ်ရေးချင်တဲ့ simple present tense sentences တိုင်းကို သင့်တော်ရာ subject +verb+object ရှာပြီးစတင်လေ့ကျင့်လို့ရပါပြီ။

🔹စတင်လေ့လာနေတဲ့ begineers တွေ အတွတ် အောက်မှာ simple forms တွေ ထပ်ပေးထားပါတယ်။ မိမိဘာသာ ထပ်၍လေ့ကျင့်နိုင်ပါတယ်။နားမလည်တာရှိရင် chat box မှတဆင့်မေးနိုင်ပါတယ်။အချိန်ရရင်ရသလိုဖြေကြားပေးသွားမှာဖြစ်ပါတယ်😁😁။

Examples-

-I clean my teeth.
-I sell bread
-I play football
-I like an apple
-I deliver milk

❤️လွယ်ကူတဲ့ English grammar နဲ့ speaking များကို နေ့စဉ် တင်ပေးမှာမို့ like and share လုပ်ပေးကြပါဦးနော်🙏🙏။

No comments:

Post a Comment

The Present Perfect Tense

❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ဒီနေ့မှာတော့ နောက်ထပ် သင်ခန်းစာအသစ်လေးဖြစ်တဲ့  The Present Perfect Tense အကြောင်းလေးပြောပြပေးသွားမှာပါ။ဘာသာအလွယ်...