❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ ဒီနေ့မှာတော့ Verb နဲ့ Noun တို့ရဲ့ အနည်းကိန်း၊အများကိန်း ပြောင်းတာလေးတွေကို သင်ပြပေးမှာဖြစ်ပါတယ်။မနေ့က ပြောပြထားတဲ့ The present simple tense မှာလဲ Verb နဲ့ Noun တို့ရဲ့ အနည်းအများ ပြုလုပ်ခဲ့တာလေးလဲ ပါလို့ သင်ပြခြင်းဖြစ်ပါတယ်။ Verb နဲ့ Noun တို့ရဲ့ အနဲကိန်း၊အများကိန်း ပြောင်းတာ လွယ်သယောင်နဲ့ မှားတတ်လို့ ပါ❤️။
Noun နဲ့ Verb တို့ အနည်းကိန်း ၊ အများကိန်း ပြောင်းခြင်း။
✅များသောအားဖြင့် Noun ကို အနဲကိန်းမှ အများကိန်းသို့ လည်းကောင်၊ Verb ကို အများကိန်းမှ အနည်းကိန်း သို့ပြောင်းရာတွင်လည်းကောင်း (s)ကိုသာထည့်ပေးရပြီး ထူးခြားတဲ့ စကားလုံးလေးတွေကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။
(1). s,ss,sh,ch,x,o နဲ့ဆုံးတဲ့ စကားလုံးတွေကို (es)ပေါင်း
➡️အနဲကိန်း. ➡️အများကိန်း(for Noun)
gas. gases
class. classes
brunsh. brushes
match. matches
fox. foxes
mango. mangoes
➡️အများကိန်း. ➡️အနဲကိန်း(for Verb)
pass. passes
push. pushes
teach. teaches
mix. mixes
do. does
✅မှက်ချက်- "o" နဲ့ ဆုံးပေးမယ် "s" သာပေါင်းတဲ့ စကားလုံးလေးတွေလည်းရှိတာမို့ မှတ်ထားပေးပါ။
➡️ အနဲကိန်း. ➡️အများကိန်း
piano. pianos
bamboo. bamboos
radio. radios
(2). y နဲ့ဆုံးတဲ့အပြင် ရှေ့ကပ်ရပ်မှာ (a,e,i,o,u)ဆိုတဲ့ စကားလုံးလေးတွေမပါဘူးဆိုရင် ( y ဖြုတ် ies) ပေါင်း။
➡️ အနဲကိန်း. ➡️အများကိန်း(for Noun)
baby. babies
lady. ladies
fly. flies
➡️ အများကိန်း. ➡️အနဲကိန်း(for Verb)
try. tries
cry. cries
(3). y နဲ့ဆုံးပြီး ရှေ့မှာ (a,e,i,o,u)ဆိုတဲ့စကားလုံလေးတွေပါလာခဲ့ရင်တော့ (s) သာပေါင်း
➡️အနဲကိန်း. ➡️အများကိန်း(for Noun)
day. days
way. ways
boy. boys
➡️ အများကိန်း. ➡️အနဲကိန်း(for Verb)
play plays
stay. stays
(4). f,fe နဲ့ဆုံးရင် တော့(f ဖြုတ် ves)ပေါင်း
➡️အနဲကိန်း. ➡️အများကိန်း(for Noun)
leaf. leaves
wife. wives
life. lives
✅မှတ်ချက်- f,fe နဲ့ဆုံးပေမယ့် (s)သာပေါင်းတဲ့ စကားလုံးလေးတွေလည်းရှိသေးတာမို့ မှက်ထားပေးပါဦး။
➡️အနဲကိန်း. ➡️အများကိန်း
roof. roofs
chief. chiefs
hoof. hoofs
(5). အနဲ့ကိန်း၊အများကိန်း လုံး၀မတူတဲ့စကားလုံးလေးတွေလည်း ရှိသလို၊ အနဲကိန်းအများကိန်း လုံး၀တူနေတဲ့စကားလုံးလေးတွေလည်းရှိလို့ ဒါလေးတွေတော့ အလွတ်မှတ်ထားရပါမယ်။
➡️အနဲကိန်း. ➡️ အများကိန်း (for Noun)
man. men
woman. women
goose. geese
foot. feet
tooth. teeth
mouse. mice
louse. lice
ox. oxen
➡️အနဲကိန်း. ➡️ အများကိန်း(for Noun)
fish fish
deer. deer
sheep. sheep
series. series
salmon. salmon
🔹🔹အထက်ပါ အချက် ငါးချက်လောက်ကို သိထားယုံဖြင့် Noun နဲ့ Verb အနဲကိန်း၊အများကိန်း ပြောင်းတဲ့နေရာမှာ အမှားနည်းသွားမှာသေချာပါတယ်။
🔹🔹နောက်နေ့တွေမှာလည်း လွယ်ကူပေါ့ပါးတဲ့ grammar လေးတွေ တင်ပေးဦးမှာမို့ like and share လေးလုပ်ပေးကြပါဦးနော်🙏🙏။
Subscribe to:
Post Comments (Atom)
The Present Perfect Tense
❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ဒီနေ့မှာတော့ နောက်ထပ် သင်ခန်းစာအသစ်လေးဖြစ်တဲ့ The Present Perfect Tense အကြောင်းလေးပြောပြပေးသွားမှာပါ။ဘာသာအလွယ်...
-
❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ ဒီနေ့မှာလည်း The Present Simple Tense မှာသုံးတဲ့ Verb to Be (am,is ,are)အသုံးပြုပုံလေးတွေကိုလည်း ဆက်လက် တင်ပြ...
-
❤️❤️အားလုံးပဲမင်္ဂလာပါ🙏🙏။ ဒီနေ့မှာတော့ The Present Continuous tense အကြောင်းလေး ပြောပြပေးသွားမှာပါ။ ဒီ tense ကိုတော့ ယခု/လောလောဆယ် ပြုလု...
-
❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ ဒီနေ့မှာတော့ Verb နဲ့ Noun တို့ရဲ့ အနည်းကိန်း၊အများကိန်း ပြောင်းတာလေးတွေကို သင်ပြပေးမှာဖြစ်ပါတယ်။မနေ့က ပြောပြ...
No comments:
Post a Comment