❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ဒီနေ့မှာတော့ present continuous tense ရဲ့ နောက်ထပ်အသုံးလေး အကြောင်းထပ်ပြောပြပေးသွားမှာပါ။
➡️နောက်ထပ် အသုံးလေးကတော့ am,is are + getting +adjective ("သော"နှင့်ဆုံးသည်) နဲ့ am,is,are + getting +Noun ပဲ ဖြစ်ပါတယ်။ ၎င်းတို့ကို ဘာသာပြန်ရင် "တစ်ဖြည်းဖြည်းနှင့် ဖြစ်လာနေသည်" လို့ ဘာသာပြန်တယ်။
➡️I am getting beautiful( တဖြည်းဖြည်း လှလာတယ်)
➡️He is getting clever(တဖြည်းဖြည်း ဉာဏ်ကောင်း လာတယ်)
➡️They are getting ugly(တစ်ဖြည်းဖြည်း ရုပ်ဆိုးလာတယ်)
✅( beautiful-လှပသော ၊ clever-ဉာဏ်ကောင်းသော ၊ ugly-ရုပ်ဆိုးသော စသည်တို့သည် adjective "သော"နှင့်ဆုံးသည်)
➡️I am getting better (တစ်ဖြည်းဖြည်း ပိုနေလို့ ကောင်းလာတယ်)
➡️The weather is getting hotter(ရာသီဥတုကတစ်ဖြည်းဖြည်းပိုပူလာတယ်)
✅ဒီနေရာမှာ ပိုပူလာ၊ ပိုနေလို့ကောင်း လို့ရေးထားသည့်အတွတ် adjective ကို D1ကို မသုံးတော့ပဲ D2ကိုပဲသုံးရမှာဖြစ်ပါတယ်။
Examples- D1. D2
good(ကောင်းသော). better(ပို၍ကောင်း)
hot(ပူသော). hotter(ပို၍ပူသော)
➡️I am getting a cold(ငါအအေးမိနေပြီ)
➡️He is getting a book(သူစာအုပ်လေးတစ်အုပ် ပိုင်ဆိုင်နေပြီ)
(a book,a cold တို့ကို noun အနေဖြင့်သုံးထားတာဖြစ်ပါတယ်)
✅အရှေ့မှာလည်း adjective နဲ့ ပက်သက်တဲ့အသုံးလေးတွေပြောပြထားသေးတာမို့ adjective စကားလုံးလေးတွေ အလွတ်မှတ်ပြီး မိမိဘာသာ လေ့ကျင့်ထားဖို့ အကြံပေးချင်ပါတယ်။အားလုံးပဲ English စာ ဗဟုသုတတွေအများကြီးရကြပါစေ။Pageလေးကိုlike and shareလုပ်ပေးဖို့လဲမမေ့ကြပါနဲ့နော်🙏🙏။
Subscribe to:
Post Comments (Atom)
The Present Perfect Tense
❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ဒီနေ့မှာတော့ နောက်ထပ် သင်ခန်းစာအသစ်လေးဖြစ်တဲ့ The Present Perfect Tense အကြောင်းလေးပြောပြပေးသွားမှာပါ။ဘာသာအလွယ်...
-
❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ ဒီနေ့မှာလည်း The Present Simple Tense မှာသုံးတဲ့ Verb to Be (am,is ,are)အသုံးပြုပုံလေးတွေကိုလည်း ဆက်လက် တင်ပြ...
-
❤️❤️အားလုံးပဲမင်္ဂလာပါ🙏🙏။ ဒီနေ့မှာတော့ The Present Continuous tense အကြောင်းလေး ပြောပြပေးသွားမှာပါ။ ဒီ tense ကိုတော့ ယခု/လောလောဆယ် ပြုလု...
-
❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ ဒီနေ့မှာတော့ Verb နဲ့ Noun တို့ရဲ့ အနည်းကိန်း၊အများကိန်း ပြောင်းတာလေးတွေကို သင်ပြပေးမှာဖြစ်ပါတယ်။မနေ့က ပြောပြ...
No comments:
Post a Comment