Sunday, May 10, 2020

The Present Continuous Tense(Step 1)

❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ဒီနေ့မှာတော့ the Present Continuous tense  အကြောင်းလေးဆက်ရှင်း ပေးသွားမှာပါ။ am,is,are +Ving  ကို နောက်ထပ် အသုံးပြုပုံလေးတွေလည်းရှိသေးတာမို့ တင်ပြပေးလိုက်ပါတယ်။

   ➡️Am,is,are+Ving ကို အနာဂတ် အသုံးလေးအနေနှင့်လည်း သုံးသေးပါတယ်။ထိုသို့အသုံးပြုလိုက်သည့်အခါတွင် ၎င်းသည် "နေသည်" ဟု ဘာသာပြန်လို့မရတော့ပဲ အနာဂတ်အသုံးစကားဖြစ်သည့် "လိမ့်မည်" ဟု ဘာသာပြန်သေးတာကိုလည်း မှတ်ထားပေးပါ။

➡️I am playing football tomorrow
(ကျနော် မနတ်ဖြန် ဘောလုံးကစားလိမ့်မည်။ ဆိုလိုတာက ဆုံးဖြတ်ထားပြီးပြီ။သေချာတယ်။အဲ့အတွတ် ပြင်ဆင်ထားပြီးပြီ လို့ အဓိပယ်ရတယ်)

➡️ဒီနေရာမှာ တခြား အနာဂတ်များ(future tenses)လေးတွေ အကြောင်းလည်း ပြောပြပါအုံးမယ်။am,is,are+Ving အစား will ,shall  နဲ့ am,is,are +going to+V1 သုံးမယ်ဆိုလည်းရပါတယ်။၎င်းတို့ကိုလည်း "လိမ့်မည်"ဟု ဘာသာပြန်ပါသည်။ဒါပေမယ် လေးနက်မူ နည်းနည်း လွဲသွားမှာပါ။

➡️I am going to play football tomorrow.
(ကျနော် မနတ်ဖြန် ဘောလုံးကစားလိမ့်မည်။ဆိုလိုတာက ဆုံးတော့ဖြတ်ပြီးပြီး။ဘာမှပြင်ဆင်မူတော့မရှိသေးဘူး)

➡️I will play football tomorrow.
(ကျနော် မနတ်ဖြန် ဘောလုံးကစားလိမ့်မည်။ဆိုလိုတာက ခုမှဆုံးဖြတ်လိုက်တာ၊မသေချာဘူး)

➡️အတိုချူပ်ရရင် အနာဂတ်အတွတ် ကိုယ်ရေးချင်တဲ့ စာကြောင်းက
-ဆုံးဖြတ်ထားပြီးပြီ၊သေချာတယ်၊ပြင်ဆင်ထားပြီးပြီ ဆိုရင် (am,is,are+Ving) သုံးပေးပါ။
-ဆုံးတော့ဖြတ်ထားပြီးပြီ၊ဘာမှမပြင်ဆင်ရသေးဘူး ဆိုရင်(am,is,are+going to+V1) သုံးပေးပါ။
-ခုမှဆုံးဖြတ်လိုက်တယ်။ဘာမှပြင်ဆင်မူမရှိသေးဆိုရင်(will/shall)သာသုံးပေးပါ။

➡️မှက်ချက်-

Am,is,are+Ving အသုံးသည် လှုပ်ရှားသည့် verbများဖြစ်သည့်အတွတ် အချိူ့ လှုပ်ရှားမူမရှိတဲ့ verbsတွေကို vingပေါင်းမရသောကြောင့် V1ဖြင့်သာ သုံးရသည်။(love,hate,like,hear,know,see,believe)

➡️Example-
    I love you
    I believe you
(I am loving you and I am believing you ဟုရေးရင်မှားပါသည်)

🔹🔹နောက်နေ့မှာလည်း am,is,are+Ving အသုံးလေးတွေ ထပ်ရှင်းပြပေးအုံးမှာပါ။အားလုံးပဲ English စာဗဟုသုတတွေရကြပါစေ။🙏🙏

No comments:

Post a Comment

The Present Perfect Tense

❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ဒီနေ့မှာတော့ နောက်ထပ် သင်ခန်းစာအသစ်လေးဖြစ်တဲ့  The Present Perfect Tense အကြောင်းလေးပြောပြပေးသွားမှာပါ။ဘာသာအလွယ်...