Saturday, May 16, 2020

The Present Perfect Tense



❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ဒီနေ့မှာတော့ နောက်ထပ် သင်ခန်းစာအသစ်လေးဖြစ်တဲ့  The Present Perfect Tense အကြောင်းလေးပြောပြပေးသွားမှာပါ။ဘာသာအလွယ်ပြန်ရရင်တော့  "လုပ်ပြီးပြီး၊ သွားပြီးပြီ၊ စားပြီးပြီး" စသဖြင့်‌ ပြောလို့ရပါတယ်။ Has/Have +V3 ဖြစ်ပြီး ၊အနဲ subject အတွတ် Has သုံးပြီး၊ အများ subject အတွတ် Have ကိုသုံးရသည်။

➡️အချိန်ပြကြိယာဝိသေသနတွေဖြစ်တဲ့ -
           Just.       = ခုလေးတင်
           Already. = နှင့်ပြီး၊ပြီးပြီ
           Yet.         = (မ) သေးဘူး စသည့်တို့ဖြင့် တွဲသုံးလေ့ရှိသည်။
       

➡️ I have just closed my book (ခုလေးတင်ပဲ ကျနော့စာအုပ် ပိတ်ထားပြီးပြီ)
➡️ He has already done his work (သူ အလုပ်ကို လုပ်နှင့်ပြီးပြီ)
➡️ She has not gone to school yet (သူမ ကျောင်း မသွားပြီးသေးဘူး)
➡️ Have you brought a car? (သင်ကားတစ်စီး ဝယ်ပြီးပြီလား)
➡️ Has she finished her homework yet? (သူမ အိမ်စာ မပြီးသေးဘူးလား)
      ( နောက်ဆုံး စာကြောင်းမှာ not မပါပေမယ့် မေးခွန်း‌ေမးတဲ့အခါ yet ‌ေြကာင့် မလုပ်ရသေးဘူးလားဟု ဘာသာပြန်ပါသည် )

➡️ V1 တွေကို V2,V3 ‌ေြပာင်းတဲ့နေရာတွေမှာ အများစုကို ed သာပေါင်းတာမို့ ပုံမှန်မဟုတ်တဲ့ V2,V3 ‌ေြပာင်းပုံလေးတွေ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

➡️  "e" နဲ့ဆုံးရင် "d" ပေါင်းပေးပါ။
               V1.                               V2.                               V3
            Love.                            Loved.                        Loved
            Live.                              Lived.                          Lived
            Hate.                             Hated.                        Hated

➡️  "c" နဲ့ဆုံးရင် "ked" ပေါင်းပေးပါ။
              V1.                                  V2.                               V3
            Picnic.                          Picnicked.                 Picnicked
            Frolic.                           Frolicked.                   Frolicked
            Traffic.                        Trafficked.                  Trafficked     

➡️ "Y" နဲ့ဆုံးပြီး y ရှေ့တွင် (a,e,io,u )သရ တစ်လုံးမှ မရှိလျှင် yဖြုတ် ied ပေါင်းပါ။
              V1.                                  V2.                               V3
             Fry.                                  Fried.                            Fried
            Cry.                                  Cried.                            Cried
            Carry.                               Carried.                        Carried

➡️ "l"နဲ့ အဆုံးသက်ထားလျှင်  l နစ်ခါပေါင်းပြီး ed ပေါင်းပေးပါ။
             V1.                                   V2.                                 V3
          Travel.                              Travelled.                     Travelled
          Control.                            Controlled.                   Controlled

❤️❤️အားလုံးပဲEnglishစာဗဟုသုတ တွေရရှိကြပါစေ🙏🙏။

Sunday, May 10, 2020

The Present Continuous Tense(Step 3)

❤️❤️အားလုံးပဲမင်္ဂလာပါ🙏🙏။ ဒီနေ့မှာတော့ present continuous tense ရဲ့မှက်သားဖွယ်ရာလေးတွေကိုထပ်‌ေပြာပြပြီး‌ေတာ့ ဒီ tense ကို အဆုံးသက်ပါမယ်။

➡️Present continuous tense questions လေးတွေကို Wh questions ထဲမှ တစ်ခုဖြစ်တဲ့ " When " ြဖင့်ရေးလို့မရတဲ့ အခါရှိပါတယ်။

➡️ဆိုလိုတာကတော့ present continuous tense အသုံးထဲမှာ ယခု လုပ်ကိုင်နေသည်၊သွားနေသည်၊လာနေသည် စသည့်အခိုက်အတန့် "နေသည်" ဟူသော ကာလကို သုံးသော အသုံးတွင် "when" ြဖင့်မေးလို့မရသောကြောင့်ဖြစ်သည်။ယခုြပုလုပ်နေတာ၊ ဆက်လက်ဖြစ်ပျက်နေတာ ဖြစ်သည့်အတွတ် ဘယ်အချိန်မှာလုပ်နေသလဲလို့ မေးလို့မရပါ။

➡️Examples.
                        What are you doing?(သင်ဘာလုပ်နေတာလဲ. )
                        Where is he sleeping?(သူဘယ်နေရာမှာအိပ်နေတာလဲ. )
                        Why are they crying?(.သူတို့ဘာ့ကြောင့်ငိုနေတာလဲ ) စသဖြင့်မေးလို့ရပြီး-
                         When are you writing?(.ဘယ်အချိန်မှာ ရေးနေတာလဲ )
                         When is she reading a book?(ဘယ်အချိန်မှာ စာတစ်အုပ်ဖတ်နေတာလဲ. ) စသဖြင့်မေးလာလျှင်မှားပါတယ်။

➡️ဒါပေမယ့် present continuous tense ထဲမှာမှ အနာတ်အသုံးဖြစ်သော "လိမ့်မည်" ဟူသောအသုံးတွင်တော့ "When" ဖြင့်မေးနိုင်သည်။မရောက်သေးတဲ့အနာဂတ်အတွတ် ဘယ်အချိန်မှာ လုပ်မလဲ၊ ကိုင်မလဲ စသဖြင့်အမေးကိုတော့ဖြင့် when ကို အသုံးပြုနိုင်ပါတယ်။

➡️Examples.
                       When are you going to Mandalay?(.ဘယ်အချိန် မန်းလေးသွားလိမ့်မှာလဲ )
                        When are you coming to me?(ကျနော်ဆီဘယ်အချိန်လာလိမ့်မှာလဲ)

🔹🔹🔹အထက်ပါအချက်လေးတွေကို မှက်ထားပြီး present continuous tense အသုံးလေးတွေ မိမိဘာသာ စာကြောင်းလေးတွေ လေ့ကျင်ရေးကြည့်ပါ။တဖြည်းဖြည်းနှင့် အမှားနည်းပြီး ပြည့်စုံလာမှာပါ။

🔹🔹🔹အားလုံးပဲ English စာဗဟုတုသတွေရကြပါစေ။ English For All မှာသင်သမျှ ဗဟုတုသတွေကို English စာစိတ်ဝင်စားသူတွေ အကုန်သိဖို့အတွတ် like and share လေးလုပ်ပေးကြပါဦးနော်🙏🙏🙏။

The Present Continuous Tense(Step 2)

❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ဒီနေ့မှာတော့ present continuous tense ရဲ့ နောက်ထပ်အသုံးလေး အကြောင်းထပ်ပြောပြပေးသွားမှာပါ။

➡️နောက်ထပ် အသုံးလေးကတော့ am,is are + getting +adjective ("သော"နှင့်ဆုံးသည်)  နဲ့ am,is,are + getting +Noun ပဲ ဖြစ်ပါတယ်။ ၎င်းတို့ကို ဘာသာပြန်ရင် "တစ်ဖြည်းဖြည်းနှင့် ဖြစ်လာနေသည်" လို့ ဘာသာပြန်တယ်။

➡️I am getting beautiful( တဖြည်းဖြည်း လှလာတယ်)
➡️He is getting clever(တဖြည်းဖြည်း ဉာဏ်ကောင်း         လာတယ်)
➡️They are getting ugly(တစ်ဖြည်းဖြည်း ရုပ်ဆိုးလာတယ်)

✅( beautiful-လှပသော ၊ clever-ဉာဏ်ကောင်းသော ၊ ugly-ရုပ်ဆိုးသော စသည်တို့သည် adjective "သော"နှင့်ဆုံးသည်)

➡️I am getting better (တစ်ဖြည်းဖြည်း ပိုနေလို့‌ ကောင်းလာတယ်)
➡️The weather is getting hotter(ရာသီဥတုကတစ်ဖြည်းဖြည်းပိုပူလာတယ်)

✅ဒီနေရာမှာ ပိုပူလာ၊ ‌ပိုနေလို့ကောင်း လို့ရေးထားသည့်အတွတ် adjective ကို D1ကို မသုံးတော့ပဲ D2ကိုပဲသုံးရမှာဖြစ်ပါတယ်။
Examples-  D1.                           D2
                   good(ကောင်းသော).   better(ပို၍ကောင်း)
                   hot(ပူသော).               hotter(ပို၍ပူသော)

➡️I am getting a cold(ငါအအေးမိနေပြီ)
➡️He is getting a book(သူစာအုပ်လေးတစ်အုပ် ပိုင်ဆိုင်နေပြီ)

(a book,a cold တို့ကို noun အနေဖြင့်သုံးထားတာဖြစ်ပါတယ်)

✅အရှေ့မှာလည်း adjective နဲ့ ပက်သက်တဲ့အသုံးလေးတွေပြောပြထားသေးတာမို့  adjective စကားလုံးလေးတွေ အလွတ်မှတ်ပြီး မိမိဘာသာ လေ့ကျင့်ထားဖို့ အကြံပေးချင်ပါတယ်။အားလုံးပဲ English စာ ဗဟုသုတတွေအများကြီးရကြပါစေ။Pageလေးကိုlike and shareလုပ်ပေးဖို့လဲမမေ့ကြပါနဲ့နော်🙏🙏။

The Present Continuous Tense(Step 1)

❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ဒီနေ့မှာတော့ the Present Continuous tense  အကြောင်းလေးဆက်ရှင်း ပေးသွားမှာပါ။ am,is,are +Ving  ကို နောက်ထပ် အသုံးပြုပုံလေးတွေလည်းရှိသေးတာမို့ တင်ပြပေးလိုက်ပါတယ်။

   ➡️Am,is,are+Ving ကို အနာဂတ် အသုံးလေးအနေနှင့်လည်း သုံးသေးပါတယ်။ထိုသို့အသုံးပြုလိုက်သည့်အခါတွင် ၎င်းသည် "နေသည်" ဟု ဘာသာပြန်လို့မရတော့ပဲ အနာဂတ်အသုံးစကားဖြစ်သည့် "လိမ့်မည်" ဟု ဘာသာပြန်သေးတာကိုလည်း မှတ်ထားပေးပါ။

➡️I am playing football tomorrow
(ကျနော် မနတ်ဖြန် ဘောလုံးကစားလိမ့်မည်။ ဆိုလိုတာက ဆုံးဖြတ်ထားပြီးပြီ။သေချာတယ်။အဲ့အတွတ် ပြင်ဆင်ထားပြီးပြီ လို့ အဓိပယ်ရတယ်)

➡️ဒီနေရာမှာ တခြား အနာဂတ်များ(future tenses)လေးတွေ အကြောင်းလည်း ပြောပြပါအုံးမယ်။am,is,are+Ving အစား will ,shall  နဲ့ am,is,are +going to+V1 သုံးမယ်ဆိုလည်းရပါတယ်။၎င်းတို့ကိုလည်း "လိမ့်မည်"ဟု ဘာသာပြန်ပါသည်။ဒါပေမယ် လေးနက်မူ နည်းနည်း လွဲသွားမှာပါ။

➡️I am going to play football tomorrow.
(ကျနော် မနတ်ဖြန် ဘောလုံးကစားလိမ့်မည်။ဆိုလိုတာက ဆုံးတော့ဖြတ်ပြီးပြီး။ဘာမှပြင်ဆင်မူတော့မရှိသေးဘူး)

➡️I will play football tomorrow.
(ကျနော် မနတ်ဖြန် ဘောလုံးကစားလိမ့်မည်။ဆိုလိုတာက ခုမှဆုံးဖြတ်လိုက်တာ၊မသေချာဘူး)

➡️အတိုချူပ်ရရင် အနာဂတ်အတွတ် ကိုယ်ရေးချင်တဲ့ စာကြောင်းက
-ဆုံးဖြတ်ထားပြီးပြီ၊သေချာတယ်၊ပြင်ဆင်ထားပြီးပြီ ဆိုရင် (am,is,are+Ving) သုံးပေးပါ။
-ဆုံးတော့ဖြတ်ထားပြီးပြီ၊ဘာမှမပြင်ဆင်ရသေးဘူး ဆိုရင်(am,is,are+going to+V1) သုံးပေးပါ။
-ခုမှဆုံးဖြတ်လိုက်တယ်။ဘာမှပြင်ဆင်မူမရှိသေးဆိုရင်(will/shall)သာသုံးပေးပါ။

➡️မှက်ချက်-

Am,is,are+Ving အသုံးသည် လှုပ်ရှားသည့် verbများဖြစ်သည့်အတွတ် အချိူ့ လှုပ်ရှားမူမရှိတဲ့ verbsတွေကို vingပေါင်းမရသောကြောင့် V1ဖြင့်သာ သုံးရသည်။(love,hate,like,hear,know,see,believe)

➡️Example-
    I love you
    I believe you
(I am loving you and I am believing you ဟုရေးရင်မှားပါသည်)

🔹🔹နောက်နေ့မှာလည်း am,is,are+Ving အသုံးလေးတွေ ထပ်ရှင်းပြပေးအုံးမှာပါ။အားလုံးပဲ English စာဗဟုသုတတွေရကြပါစေ။🙏🙏

The Present Continuous Tense

❤️❤️အားလုံးပဲမင်္ဂလာပါ🙏🙏။ ဒီနေ့မှာတော့ The Present Continuous tense အကြောင်းလေး ပြောပြပေးသွားမှာပါ။ ဒီ tense ကိုတော့ ယခု/လောလောဆယ် ပြုလုပ်နေတဲ့ လုပ်ရပ်များအတွတ် အသုံးပြုပါတယ်။မြန်မာလို ဘာသာပြန်‌ရင်တော့ "နေသည်"လို့ပြန်တယ်။ဥပမာ "သွားနေသည်၊စားနေသည်၊လုပ်နေသည်"လို့ ဘာသာပြန်တယ်။အသုံးလေးကတော့ (am,is,are + Ving)ဖြစ်တယ်။ Look, Listen,Now,Just,Still,At the moment စတဲ့စကားလုံးများနှင့်လည့်တွဲသုံးလေ့ရှိသည်။

(1) Simple form(ရိုးရိုးပုံစံများ)

 ➡️I am walking (ကျွန်တော် လမ်းလျောက်နေသည်)
 ➡️She is walking(သူမ လမ်းလျောက်နေသည်)
 ➡️They are walking(သူတို့ လမ်းလျောက်နေသည် )

(2) Negative form(အငြင်းပုံစံများ)

  ➡️I am not walking
  ➡️She is not walking
  ➡️They are not walking

(3) Question form (အမေးပုံစံများ )
   
  ➡️Am I walking?
  ➡️Is he walking?
  ➡️Are they walking?

WH question form (WH အမေးပုံစံများ)

(1). Who is walking?
(2). Where is he walking?
(3). Why is he walking?

✅Verb ကို ing ပေါင်းပြီး present continuous tense ပြောင်းတဲ့နေရာမှာ သတိထားရမယ် အချက်လေးတွေကတော့--

 ✅Verb အများစုကို  ing သာပေါင်းထည့်ပေးသည်။eg. walking(walk),talking(talk),staying(stay),crying(cry).


 ✅"e"နဲ့ဆုံးတဲ့ Verb တွေကို "e"ဖြုတ် ing ပေါင်း eg.shaving(shave),writing(write).

 ✅Verb နောက်ဆုံးလုံးရဲ့ရှေ့ကပ်ရပ်မှာ (a,e,i,o,u) တစ်လုံးလုံး ဖြစ်‌ခဲ့ရင် verbနောက်ဆုံးလုံးကို အလားတူ စကားလုံးထပ်ပေါင်းပေးပြီး ing ထည့်ပါ။eg.cutting(cut),swimming(swim),running(run).

✅ Verb နောက်ဆုံးလုံးရဲ့ ရှေ့ကပ်ရပ်မှာ (a,e,i,o,u)နစ်လုံးဆက်တိုက်ရှိနေခဲ့ရင် ဘာမှပြောင်းစရာမလိုပဲ ingသာထည့်ပေါင်းပါ။eg.speaking(speak),meeting(meet).

🔹🔹Subject အနဲအများညှိပြီး verbs +ing ‌ပြောင်းတတ်မယ်ဆိုရင် The present continuous tense စာကြောင်းတော်တော်များများကို ရေးတတ်မှာဖြစ်ပါတယ်။အားလုံးပဲ English စာ ဗဟုတုသတွေ အများကြီးရကြပါစေ။🙏🙏

Adverb Of Frequency

❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ဒီနေ့မှာတော့ Adverbs of frequency(အကြိမ်ပြကြိယာဝိသေသနများ) အ‌ကြောင်း‌ လေးပြောပြပေးသွားမှာပါ။အောက်မှာပေးထားတဲ့ စကားလုံးအချိူ့ကို တွေ့ရင်လည်း The Present Simple Tense လို့လဲ အလွယ်မှတ်ထားလို့ရပါတယ်။

➡️always,usually,often,sometimes,never,regularly,every,daily.

➡️Examples,

(1). I always get up at 6:30 in the morning.

(2). It never snows in Myanmar.

(3). It sometimes snows in US.

(4). She often goes dancing.

(5). He usually watches television.

✅အထူးသတိထားရမှာအရာက အဆိုပါ အကြိမ်ပြကြိယာဝိသေသနတွေဟာ V1 s/es မှာဆိုရင် Verb ရဲ့ရှေ့မှာနေပြီး၊ Verb to Be ပါတဲ့ စာကြောင်းတွေမှာဆိုရင် Verb to Be ရဲ့ အနောက်မှာသာ ထားရပါတယ်။Example- He is usually late.

✅ဒီနေ့မှာတော့ Adverbs of frequency အသုံးလေးကို ‌ပြောပြပြီး The Present Simple tense အသုံးလေးကို အဆုံးသက်ပါမယ်။အားလုံးပဲ English language ဗဟုတုသတွေ အများကြီး ရနိုင်ကြပါစေ။🙏🙏

Verb To Be အသုံးပြုပုံ

❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ ဒီနေ့မှာလည်း The Present Simple Tense မှာသုံးတဲ့ Verb to Be (am,is ,are)အသုံးပြုပုံလေးတွေကိုလည်း ဆက်လက် တင်ပြပေးသွားမှာဖြစ်ပါတယ်။
 
      ✅ Verb to Be (am,is,are) အသုံးပြုပုံလေးတွေကိုလည်း ရှေ့မှာ သင်ပြထားတဲ့ The Present Simple Tense ရဲ့ V1 s/es အသုံးလေးတိုင်းသင်ပြထားပါတယ်။

       Verb to Be (am,is are) အသုံးပြုပုံ

(1). simple forms(ရိုးရိုးပုံစံများ)

     ➡️ I  am Myanmar
     ➡️We are in the bank
     ➡️They are doctors

✅( Subject အများဖြစ်သည့်အတွတ် are ကိုသာခေါ်ပြီး  " I" ကတော့ am နှင့်သာတွဲသုံးသည်)

     ➡️He is ten years old
     ➡️She is single

✅(subject အနဲဖြစ်သည့်အတွတ် is သာတွဲသုံးသည်)

(2). Negative forms(အငြင်းပုံစံများ)

       ➡️I am not Myanmar
       ➡️We are not in the bank
       ➡️They are not doctors

✅(အငြင်းအတွတ် not ထည့်ရာတွင် am is are နောက်သာ ထည့်ရသည်။do,does အကူခေါ်စရာမလိုပါ)

        ➡️He is not ten years old
        ➡️She is not single

✅(အငြင်းအတွတ် not ထည့်ရာတွင် am, is, are နောက်သာ ထည့်ရသည်။do,does အကူခေါ်စရာမလိုပါ)

(3). Question forms(မေးခွန်းပုံစံများ)

         ➡️Am I Myanmar?
         ➡️Are we in the bank?
         ➡️Are they doctors?

✅(မေးခွန်းပြောင်းရာတွင်  am,is,are  တို့ကို ရှေ့ပို့ရမည်။

          ➡️Is he ten year old?
          ➡️Is she single?

✅(မေးခွန်းပြောင်းရာတွင် am,is,are တို့ကိုရှေ့ပို့ရမည်။

  ✅နောက်ဆုံးအနေနှင့်‌ ပြောပြမယ့် အသုံးလေးကတော့ am,is,are +adjective အသုံးလေးပါ။ adjective("သော"နှင့်ဆုံးသော စကားလုံးများ) စကားလုံးလေးတွေများစွာ သိထားမယ်ဆိုရင်ဖြင့် am,is,are+adjective sentences လေးတွေများစွာရေးနိုင်မှာဖြစ်လို့ အောက်မှာ တစ်ချိူ့ဖော်ပြပေးလိုက်ပါတယ်။

(1). Simple forms(ရိုးရိုးပုံစံများ)

       ➡️I am hungry(ဆာလောင်သော)
       ➡️We are tall  (အရပ်ရှည်သော)
       ➡️They are thirsty (ရေဆာသော)
       ➡️He is smart။     ( တင့်တယ်သော)
       ➡️She is beautiful(လှပသော)

(2). Negative forms(အငြင်းပုံစံများ)

       ➡️I am not hungry
       ➡️We are not tall
       ➡️They are not thirsty
       ➡️He is not smart
       ➡️She is not beautiful

 (3). Question forms(အမေးပုံးစံများ)

        ➡️Am I hungry?
        ➡️Are we tall?
        ➡️Are they thirsty?
        ➡️Is he smart?
        ➡️Is she beautiful?

  🔹🔹 အထက်ပါ Verb to Be(am,is,are) အသုံးလေးတွေကိုလည်းလေ့ကျင့်ထားမယ်ဆိုရင် sentences လေးတွေ ကိုယ်တိုင်ဖန်တီးလာနိုင်မှာ ဖြစ်လို့ လေ့ကျင့်ထားဖို့မမေ့ပါနဲ့နော်။

  🔹🔹  နောက်နေ့တွေမှာလည်း လွယ်ကူးပေါ့ပါးတဲ့ grammar လေးတွေ တင်ပေးဦးမှာမို့ like and share လုပ်ပေးဖို့မမေ့ပါနဲ့နော်🙏🙏။

The Present Perfect Tense

❤️❤️အားလုံးပဲ မင်္ဂလာပါ🙏🙏။ဒီနေ့မှာတော့ နောက်ထပ် သင်ခန်းစာအသစ်လေးဖြစ်တဲ့  The Present Perfect Tense အကြောင်းလေးပြောပြပေးသွားမှာပါ။ဘာသာအလွယ်...